ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၃ ဦးသေဆုံးပြီး ၅၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်

ရီယိုဒီဂျနေးရိုး၊ မတ် ၂၅

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် မတ် ၂၂ ရက်ကတည်းက စတင်ရွာသွန်းခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူပေါင်း ၅၀၀၀ ကျော် အိုးအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဘရာဇီးနိုင်ငံ၏ အရပ်ဘက်ကာကွယ်ရေးဌာနက မတ် ၂၅  ရက်တွင် ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံအတွင်းရှိ အက်စ်ပီရီတိုဆန်တိုနှင့် ရီယိုဒီဂျနေးရိုးပြည်နယ်များသည် အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို      အဆိုးရွားဆုံး ခံခဲ့ရပြီး အက်စ်ပီရီတိုဆန်တိုပြည်နယ်၌ ၁၅ ဦးနှင့် ရီယိုဒီဂျနေးရိုးပြည်နယ်၌ ရှစ်ဦး အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မိုးရွာသွန်းမှုကြောင့် ပြည်နယ်အတွင်း လူပေါင်း များစွာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ရေကြီးမှုနှင့် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်