ဆော်ပိုလို၊ ဇန်နဝါရီ ၂၁

 

ဘရာဇီးနိုင်ငံ  အရှေ့တောင်ပိုင်း ဆော်ပိုလိုမြို့၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အင်အားပြင်း မုန်တိုင်းများ တိုက်ခတ်မှုကြောင့် သုံးဦးထက်မနည်း သေဆုံးကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ မှ ဇန်နဝါရီ ၂၀ ရက်က ပြော ကြားသည်။

 

လီမီရာမြို့တွင် ရုတ်တရက်ရေကြီးမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း ဘရာဇီးနိုင်ငံ၏ တရားဝင် သတင်းအေဂျင်စီ ဖြစ်သည့် အေဂျင်စီယာ ဘရာဆဲက ဖော်ပြထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှစကာ ဘရာဇီးနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ လေပြင်းမုန်တိုင်းများ ဆက်လက်တိုက်ခတ်ခြင်းကြောင့် ပစ္စည်းများ ဆုံးရှုံးမှုများနှင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

 

ဆော်ပိုလိုပြည်နယ်၏ မြို့တော်မှ ၁၀၀ ကီလိုမီတာခန့်တွင်ရှိသည့် ဆိုရိုကာဘာမြို့ရှိ အစိုးရဆေးရုံနှစ်ခု၌ ရေကြီးမှုများဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက်က အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ