ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာမှာ သေဆုံးသူအများဆုံး နိုင်ငံဖြစ်လာ

၂၇ မေ

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၃၉ ဦးရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ရာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် ငါးရက်ဆက်တိုက် နေရာယူထားကြောင်း သိရပါတယ်။

 

ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားရာ ဗဟိုချက်ဖြစ်လာတာကိုတွေ့ရပြီး  သေဆုံးမှုမှာလည်း အမေရိကန်နိုင်ငံထက် များနေကြောင်း၊ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၀၀ အောက် ရောက်ရှိတာ သုံးရက်ရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

အင်္ဂါနေ့ ထုတ်ပြန်တဲ့စာရင်းအရ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆၅၇ ဦးသာရှိကြောင်း နဲ့  စုစုပေါင်း သေဆုံးသူ ၉၈,၈၇၅ ဦး သာရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ဘရာဇီးနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၂၄,၅၁၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ လူဉီးရေ သန်း၂၁၀ ရှိတဲ့ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၉၁,၂၂၂ ဦးမှ ၂၄,၅၁၂ဦး သေဆုံး တယ်လို ဆိုပါတယ်။

 

ပညာရှင်တွေကတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေထက် လက်တွေ့မှာ ပိုများနိုင်ကြောင်း ပြောဆိုထားပါ တယ်။

 

ဘရာဇီးကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုးရောဂါလက္ခဏာရှိသူတွေကို ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေး သို့မဟုတ် ကလိုရိုကွင်းဆေးနဲ့ ကုသနိုင်တယ်လို့ အကြံပြုထားပေမယ် တနင်္လာနေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးက ဆိုးကျိုးသက်ရောက်နိုင်တဲ့အတွက် အသုံးမပြုရန် အကြံပြုထားပါတယ်။

 

MDN
ကိုးကား - AFP