၁၀ ဇွန်

 

ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ပတ်သက်သော ကူးစက်မှုနှင့် သေဆုံးမှု စုစုပေါင်း အရေအတွက်စာရင်း အွန်လိုင်းဖော်ပြမှုကို ဇွန် ၉ ရက်နေ့က ပြန်လည်ထုတ်ပြန်ခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ရောဂါကူးစက်ခံရသူများ၏ သတင်း အချက်အလက်များ နေ့စဉ်ဖော်ပြမှုကို စနေနေ့က ရပ်တန့်လိုက်ပြီး ကိုဗစ်ရောဂါ သက်သာလာသူ အရေအတွက်ကိုသာ ဖော်ပြခဲ့သည်။

 

ပြည်သူများက အစိုးရအပေါ် ဝေဖန်မှုများရှိပြီး အစိုးရသည် စိုးရိမ်ရသော ကိုဗစ်-၁၉ အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

 

ဘတ်ဂျက်များ ပိုမိုရရှိရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများက ကူးစက်မှု အရေအတွက်များကို ချဲ့ကားပြောဆိုနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပြောင်းလဲကြေညာခဲ့ခြင်းဖြစ်သည်ဟု သမ္မတ ဂျာ ဘာဆိုနာရို က ဆိုသည်။

 

အတိုက်အခံ နိုင်ငံရေးပါတီ အမတ်များက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရပ်တန့်ရန် မှန်ကန်တိကျသော အချက်အလက် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီးနောက် ဘရာဇီးတရားရုံးချုပ်က ကူးစက်မှုနှင့် ပတ်သက်သည့် ထပ်တိုးစာရင်း ထုတ်ပြန်ရန် ကျန်းမာရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့သည်။

 

ဘရာဇီးတွင် အထူးသဖြင့် ဆင်းရဲပြီး လူဦးရေထူထပ်သော ဒေသများတွင် ကိုဗစ်-၁၉ ကူးစက်မှု များပြားလာသည်။

 

အင်္ဂါနေ့က ရောဂါကူးစက်မှု အတည်ပြုလူနာ ၇၃၀ဝ၀ဝ ကျော် ရှိသည်။ ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စု ပြီးလျှင် ရောဂါကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို