၈ ဇွန်

 

ဘရာဇီးနိုင်ငံက တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သော ကူးစက်မှုနှင့် သေဆုံးမှု စုစုပေါင်း အရေအတွက် ဖော်ပြမှု ရပ်တန့်လိုက်ပြီ ဖြစ်သည်။

 

ထိုကဲ့သို့ ထုတ်ပြန်မှု မပြုခြင်းသည် ကူးစက်ရောဂါ ပြင်းထန်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

 

လူဉီးရေ ထူထပ်သည့် ဆင်းရဲသား ရပ်ကွက်များတွင် ဗိုင်းရပ်စ်ကူးစက် ရောဂါမှာ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။

 

ဘရာဇီးနိုင်ငံတွင် ယခုအခါတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၇၀ဝ၀ဝ ရှိပြီဖြစ်သည်။

 

ယခင်က ကျန်းမာရေးဝန်ကြီးဌာနက၏ ဝက်ဆိုဒ်တွင် ရောဂါကူးစက်ခံရသူ၏ အချက်အလက်များကို နေ့စဉ်ဖော်ပြလျက်ရှိသော်လည်း စနေနေ့မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါ သက်သာလာသူများ၏ စာရင်းကိုသာ ဖော်ပြခဲ့သည်။

 

အဆိုပါ အပြောင်းအလဲနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာဖြေရှင်းမှု မပေးပေ။

 

ပြည်နယ်အုပ်ချုပ်ရေးမှူးများက ဘတ်ဂျက်များ ပိုမိုရရှိရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ချဲ့ကားပြောဆိုခဲ့ကြောင်း သမ္မတ ဂျာရစ် ဘာဆိုနာရိုက ပြောကြားခဲ့သည်။

 

ဒေသန္တရ မီဒီယာများနှင့် ဒေသခံများက အစိုးရအပေါ် ဝေဖန်မှုများ တိုးမြှင့်လာခဲ့ပြီး အစိုးရမှာ တကယ့် အခြေအနေ အမှန်ကို ဖုံးကွယ်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

 

ဘရာဇီးနှင့် ပြည်ပနိုင်ငံများတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုအပေါ် သမ္မတ ဘာဆိုနာရိုက တုန့်ပြန်အရေးယူ ဆောင်ရွက်မှုများကို ဝေဖန်လျက်ရှိသည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဘရာဇီးနိုင်ငံအား ထုတ်ပစ်မည်ဟု  ဘရာဇီးသမ္မတ ဘာဆိုနာရိုက သောကြာနေ့အတွင်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် နိုင်ငံရေးဘက်လိုက်မှုများရှိကြောင်း ဘာဆိုနာရိုက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1