၁၃ မေ
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၈၈၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်တင်အမေရိက နိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဒဏ်အခံရဆုံး ဖြစ်ပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၂,၄၀၀ ဦးရှိပြီး ပိုးတွေ့ရှိသူ ၁၇၇,၅၈၉ ဦးရှိကြောင်း သိရပါတယ်။
ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာမှာ ဆဌမမြောက် သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။
ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးစမ်းသပ်မှု နည်းပါးတာကိုတွေ့ရပြီး ဆေးရုံရောက်သူတွေကိုသာ စစ်ဆေးပေးကြောင်း၊ အစိုးရရဲ့ ထုတ်ပြန်ချက်ထက် ရောဂါပိုးတွေ့သူ ၁၅ ဆလောက် များနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မေ ၈ ရက် သေဆုံးမှုဟာ ၂၄ နာရီအတွင်း ၇၅၁ ဦးရှိတဲ့အတွက် မှတ်တမ်းတင်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP