ဆော်ပေါ်လို နိုဝင်ဘာ ၂၆

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမည်ကို စိုးရွံ့သောကြောင့် ဘရာဇီးနိုင်ငံ ဆော်ပိုလိုနှင့် မီနက်စ်ဂီရော့စ် ပြည်နယ် အရှေ့တောင်ပိုင်းရှိ ၅၈ မြို့နယ်ထက်မနည်း ၂၀၂၂ ကာနီဗယ်ပွဲတော် အခမ်းအနားကျင်းပခြင်းများကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ ။

 

ကိုဗစ်-၁၉ ဒုတိယအကျော့ ကူးစက်ဖြစ်ပွားပြီး သေဆုံးမှုများနေစဉ် ၂၀၂၁ ခုနှစ်တွင်လည်း အကျော်ကြားဆုံး ဘရာဇီးပွဲတော်များကို ဖျက်သိမ်းခဲ့ရသည်။

 

ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ မီနက်စ်ဂီရေ့စ်ရှိ လေးမြို့နှင့် ဆော်ပေါ်လို ပြည်နယ်ရှိ ၅၄ မြို့တွင် ကိုဗစ်-၁၉ စိုးရွံ့မှုကြောင့် ယခုနှစ်ပွဲတော်များကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ကာနီဗယ်ပွဲတော်အတွင်း နိုင်ငံအနှံ့မှ ပြည်သူများ လာရောက်လေ့ရှိကြသဖြင့် မိမိတို့အနေဖြင့် စွန့်စွန့်စားစားဖြင့် အန္တရာယ်ယူပြီး လုပ်ရမည့်ကိစ္စများကို မလုပ်လိုတော့ကြောင်း မြို့တော်ဝန် ဖရန်ကာ အလက်ဇန်ဒရီ ဖာရီရာက သတင်းထောက်များကို ပြောကြားလိုက်သည်။ ။

 

ထို့အပြင် မြို့ အတော်များများတွင် ငွေရေး ကြေးရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

ဆင်ဟွာ