ဇူလိုင် ၁၀
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပါနမ်ဘူကိုပြည်နယ် မြို့တော်တွင် အဆောက်အဦတစ်လုံးပြိုကျမှုကြောင့် ဇူလိုင်လ ၈ ရက်က သေဆုံးသူ ၁၁ ဦးရှိလာပြီး သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါအဆောက်အဦသည် ပေါလ်လစ်တာမြို့တွင် တည်ရှိပြီး ဇူလိုင်လ ၇ ရက်နေ့မနက်ပိုင်းစောပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။
ထိုအဆောက်အဦပြိုကျသည့်နေ့မှာပင် လူခုနစ်ဦးအလောင်းကိုတွေ့ရှိခဲ့ပြီး အခြားတစ်ဦးသည် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ဇူလိုင်လ ၈ ရက်နေ့တွင် သုံးဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ ၁၁ ဦးရှိလာကြောင်း မီးသတ်ဌာနက ပြောကြားသည်။
ယင်းအဆောက်အဦသည် ၂၀၁၀ ခုနှစ်က တရားရုံးအမိန့်ဖြင့် လူနေထိုင်ခွင့်ပိတ်ထားခြင်းခံရသောအဆောက်အဦဖြစ်သည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် များစွာသောမိသားစုဝင်များက ထိုအဆောက်အဦပေါ်သို့တရားမဝင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
မီးသတ်ဌာန၏ပြောကြားချက်အရ ရှစ်ခန်းတွဲသည် လုံးဝပျက်စီးသွားပြီး အခြားလေးခန်းတွဲသည် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို