ဇူလိုင် ၁၄

 

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါမုန်တိုင်းသည် ဇူလိုင်လ ၁၂ ရက် ညပိုင်းမှ ၁၃ ရက် မနက်ပိုင်းအတွင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အာဂျင်တီးနားနှင့်ဥရုဂွေး နယ်စပ်ဒေသအနီး ဆန်တာကာတာရီနာနှင့် ရီအိုဂရန်ဒီဒိုဆူလ်ပြည်နယ်များတွင် ပျက်စီးမှုအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယမန်နေ့မနက်ပိုင်းက တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းဖြင့် လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျရာမှ တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းအစိုးရက ပြောကြားသည်။

 

အမျိုးသားမိုးလေဝသသိပ္ပံက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ဘရာဇီးနိုင်ငံတောင်ပိုင်းဒေသတွင် အနီရောင်သတိပေးချက် ထုတ်ပြန်ကြေညာထားသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို