ဆော်ပေါ်လို နိုဝင်ဘာ ၂၂
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၈၃၃ ဦး ထပ်မံစစ်ဆေး တွေ့ရှိပြီး အဆိုပါ ရောဂါကြောင့် ၂၁၇ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၂၂၀၁၂၁၅၀ ရှိပြီး သေဆုံးသူပေါင်း ၆၁၂၅၈၇ ဦး ရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ရောဂါကူးစက်မှုတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ ပြီးနောက် ရောဂါကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်သည်။
လက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၁၂၈ ဒသမ ၂ သန်းရှိပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၁၅၇ ဒသမ ၆ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်