နိုဝင်ဘာ ၁၂
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၈၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၁၀၂၂၄ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၅၃၀၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၁၉၂၄၅၉၈ ဦးရှိလာသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၇၈၀ နှင့် သေဆုံးသူ ၂၂၂ ဦး ရှိသည်။
ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအများဆုံးနိုင်ငံဖြစ်သည်။
ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်ခံရပြီး သေဆုံးသူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို