ရီယိုဒီဂျနေးရိုး ၂၆ ဇူလိုင်

 

ဘရာဇီးနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်မှာ ယခုအခါ ၂ ဒသမ ၃ သန်းအထိ ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၈၅၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဇူလိုင် ၂၄ ရက်တွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ၅၅၈၉၁ ဦး ရှိပြီး နောက်ထပ်သေဆုံးသူ ၁၁၅၆ ဦး ထပ်တိုးလာ ခဲ့သည်။

 

သို့ဖြစ်၍ တစ်နိုင်ငံလုံး ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူအရေအတွက် စုစုပေါင်းမှာ ၂၃၄၃၃၆၆ ဦး ရှိပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၈၅၂၃၈ ဦးအထိ စံချိန်တင်ရောက်ရှိခဲ့သည်။

 

နိုင်ငံအတွင်း ရောဂါကူးစက်မှု အဆိုးဆုံးခံစားရသည့် ဆော်ပိုလို၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ၄၆၃၂၁၈ ဦး ရှိပြီး သေဆုံးသူ ၂၁၂၀၆ ဦး အထိရှိသည်။

 

သို့ဖြစ်၍ ကပ်ရောဂါထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်များကို လာမည့်ဩဂုတ်လ ၁၀ ရက်အထိ အချိန်ထပ်တိုးလိုက်ကြောင်း အာဏာ ပိုင်များက ဇူလိုင် ၂၄ ရက်က ကြေညာခဲ့သည်။

 

ဘရာဇီးနိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်ကူးစက် ဖြစ်ပွားခဲ့သည့် မတ် ၂၄ ရက်မှစတင်ကာ ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီးနောက် ယခုတစ်ကြိမ်သည် ရှစ်ကြိမ်မြောက် အချိန်ထပ်တိုးခြင်းဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ