ရီယိုဒီဂျနေးရိုး အောက်တိုဘာ ၁၀
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ခြောက်သိန်းကျော်အထိ မြင့်တက်လာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်အထိ အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၆၀၀၄၂၅ ဦးရှိသည်။ မြို့တော်ရီယိုဒီဂျနေးရိုး၌ ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လျက်ရှိသည်။
စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၆၀၀၀ ကျော်သာရှိပြီး အဆိုပါအရေအတွက်သည် ဧပြီလအတွင်း သေဆုံးသူအရေအတွက်၏ ငါးပုံတစ်ပုံမျှသာ ရှိသည်။
လာမည့်ဖေဖော်ဝါရီလအတွင်း မြို့တော် ရီယိုဒီဂျနေးရိုး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပရန် စီစဉ်လျက်ရှိသည်။
ရောဂါကူးစက်မှုများကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိမီ လူအများတက်ရောက်သည့် ပွဲတော် များကျင်းပခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်