ဇွန် ၉
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၃၇၈ ဦးထပ်မံသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၄၇၆၇၉၂ ဦး အထိ ရှိလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၂၉၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူဦးရေ ၁၇၀၃၇၁၂၉ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၃ သန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၇၂ ဒသမ ၆ သန်းကျော်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို