မေ ၂၆
ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁၇၃ ဦး ရှိသဖြင့် သေဆုံးသူပေါင်း ၄၅၂၀၃၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၃၄၅၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၆၁၉၄၂၀၉ ဦးအထိ ရှိလာသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ လူ တစ်သိန်းလျှင် ၂၁၅ ဦး ခန့်သေဆုံးနေသည်ဟု သိရသည်။
ကမ္ဘာ့နိုင်ငံများအနက် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။
ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၀ ဒသမ ၉ သန်းရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၃ ဒသမ ၄ သန်းရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို