၁၂ နိုဝင်ဘာ

 

 

ဘရာဇီးအစိုးရ အနေဖြင့်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်များကို တိုင်းပြည်ကို ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။

 

 

ဘရာဇီးအစိုးရ အနေဖြင့် ရောဂါကူးစက်မှု အခြေအနေမှာ ဆိုးရွားနေသည့်အတွက် အခြေအနေမှန်ကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

 

 

နိုဝင်ဘာလ ၄ ရက်နေ့ အတွင်းက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။

 

 

ဘရာဇီးနိုင်ငံတွင် နေ့စဉ်နှင့်အမျှ ရောဂါကူးစက်ခံရသူ  ၂၀၀၀၀ နှင့် ၃၀၀၀၀ ကြားတွင် ရှိပြီး နေ့စဉ် သေဆုံးသူ ဉီးရေမှာ ၁၀၀၀ ခန့်ရှိသည်။

 

 

နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ပြစ်တင်နေလျက်ရှိပြီး ပြဿနာများကို ဖြေရှင်းရန်အတွက် အချိန်အနည်းငယ်ကြာမြှင့်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဘရာဇီးနိုင်ငံတွင်  နိုဝင်ဘာလ ၁၅ ရက်နေ့၌  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

 

 

အစိုးရအနေဖြင့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းများကို ကူညီရန်အတွက် ကူးစက်မှု အသစ်များကို တမင်တကာ ထိန်ချန်ထားခြင်း ဖြစ်သည်ဟု သံသယများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသန္တရ မီဒီယာ အချို့က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a1