ဇန်နဝါရီ ၁၅

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျနေရိုမြို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါမုန်တိုင်းသည် ရီယိုဒီဂျနေရိုမြို့၏မြောက်ပိုင်းဒေသတွင် ယမန်နေ့အစောပိုင်းက တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့အနီးနားရှိ Niteroi၊ Duque de Caxias၊  Belford Roxo နှင့်  Sao Jose de Meriti ဒေသများပါ မုန်တိုင်းဒဏ်သင့်ခဲ့သည်ဟု ဖော်ပြထားသည်။

ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ရာနှင့်ချီသောပြည်သူများသည် ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြသည်။

ရေဘေးသင့်သောပြည်သူများအား ပြုစုစောင့်ရှောက်ရန်နှင့်အရေးပေါ်အထောက်အပံ့များပေးအပ်ရန် မြို့တော်ဝန်က အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို