ဆော်ပိုလို၊ ဖေဖော်ဝါရီ ၂၁
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် ဖေဖော်ဝါရီ ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ရေကြီးမှုနှင့် မြေပြိုမှုကြောင့် သေဆုံးသူများထဲတွင် အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးပါဝင်ပြီး အဆိုပါမိန်းကလေးသည် ၎င်းတို့မိသားစု နေထိုင်ရာအိမ်ပေါ်သို့ ကျောက်တုံးများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီးတစ်ဦးမှာမူ သစ်ပင်ပြိုလဲ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၏ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သောဒေသများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တောင်းဆိုထားကြောင်း ဆော်ပေါ်လိုပြည်နယ် မြို့တော်ဝန် ဆာစီဆီယိုဒီဖရိုက်တက်စ်က ပြောကြားသည်။
ဘရာဇီးနိုင်ငံ၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လမ်းများပျက်စီးခဲ့ကာ အဝေးပြေးလမ်းများကိုလည်း ပိတ်ထားခဲ့ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်