ဇန်နဝါရီ ၂

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ တိုက်ခန်းတစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနက ယမန်နေ့ကဖော်ပြထားသည်။

အဆိုပါပေါက်ကွဲမှုသည် Sergipe ပြည်နယ် Aracaju မြို့ရှိ တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ခန်း မီးဖိုချောင်ရှိ ဆလင်ဒါအိုးမှဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခန်းအတွင်းပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦးရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို Aracaju မြို့ရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း Sergipe ပြည်နယ် မီးသတ်ဌာနအကြီးအကဲက ပြောကြားသည်။

တိုက်ခန်းအတွင်း ပြိုကျပျက်စီးမှုများပြားခဲ့ရာ အပျက်အစီးများအောက်တွင် အခြားပိတ်မိနေသူများရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို