ရီယိုဒီဂျနေးယိုး ဒီဇင်ဘာ ၂၇
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း၌ တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားသဖြင့် ရှစ်ဦးထက်မနည်း သေဆုံးပြီး အခြား ကိုးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘရာဇီးရေတပ်က ဒီဇင်ဘာ ၂၆ ရက် တွင် ထုတ်ပြန်ထားသည်။
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း တိုကန်တင်စ်မြစ်ပေါ်တွင် တည်ရှိသည့် တံတားသည် ဒီဇင်ဘာ ၂၂ ရက်က ပြိုကျခဲ့ကြောင်း မာရန်ဟိုပြည်နယ် အရပ်ဘက်ကာကွယ်ရေးက ပြောကြားသည်။
တံတားပြိုကျမှုဖြစ်ပွားချိန်တွင် တံတားပေါ်၌ ထရပ်ကားသုံးစီး၊ မော်တော်ဆိုင်ကယ် အများအပြား နှင့် ကားနှစ်စီးထက်မနည်းရှိကြောင်း ဖက်ဒရယ်အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါထရပ်ကား နှစ်စီးမှာ ဆာလဖျူရစ်အက်စစ်များကို သယ်ဆောင်လာသည့်အတွက် အာဏာ ပိုင်များက ဒေသတွင်းမြို့ ၁၉ မြို့တွင် ရေများသောက်သုံးခြင်းကို တားမြစ်ခဲ့ကြောင်း သိရသည်။ ယင်းတံတားမှာ ၂၀၁၉ ခုနှစ်မှစကာ အခြေအနေဆိုးရွားခဲ့ပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက် ရှိကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်း မီဒီယာများက ထုတ်ပြန်ထားသည်။
ဆင်ဟွာ