ဘရာဇီးနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၅၆၁ ဦး သေဆုံး

မတ် ၁၉

ဘရာဇီးနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါသံသယလူနာ ၁၈၈၉၂၀၆  ဦး ရှိပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၅၆၁ ဦးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြား သည်။ ၂၀၁၅ ခုနှစ်က  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၈၈၆၈၈ ဦး ရှိပြီး ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၆၅၈၈၁၆ ဦးရှိရာ ထိုရောဂါဖြစ်ပွားမှုအရေအတွက် တတိယအများဆုံးဖြစ်သည်ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၅၆၁ ဦး အထိရှိလာကြောင်း ဖော်ပြထားသည်။ ဆောက်လုပ်ရေးပစ္စည်းများ၊ ပုလင်းများအပါအဝင် နေအိမ်များတွင် ခြင်ပေါက်ဖွားမှု၏ ၇၅ ရာခိုင်နှုန်းနီးပါးရှိသည်ကိုတွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို