ဇူလိုင်၄

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒိုဆူလ်ပြည်နယ်တွင် ရက်သတ္တပတ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် လူ ၁၈၀ ထက်မနည်းသေဆုံးခဲ့ပြီး ၃၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။

ဧပြီ ၂၉ ရက်ကစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယင်းပြည်နယ်အနှံ့အပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇွန်လလယ်ပိုင်းတွင် ရေကြီးရေလျှံမှုလျော့ကျသွားပြီးနောက် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။

ထိုပြည်နယ်မြို့တော်  Porto Alegre အပါအဝင်  ၄၇၈ မြို့ရှိ နေထိုင်သူ ၂၃၉၈၂၅၅ ဦးခန့် ရာသီဉတုဆိုးရွားမှုဒဏ်ခံရပြီး လူပေါင်း ၄၅၀၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု ထိုအေဂျင်စီကပြောကြားသည်။

ဘရာဇီးအစိုးရက ပြည်နယ်ပြန်လည်တည်ဆောက်ရန်နှင့်အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံခန့် ပေးအပ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို