အောက်တိုဘာ ၁၉
ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်တွင် လွန်ခဲ့သောခုနစ်ရက်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ညီအစ်ကိုနှစ်ဦးအပါအဝင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း ထိုပြည်နယ်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။
ပါတိုဘရန်ကိုမြို့တွင် အသက်ခြောက်နှစ်အရွယ် နီကိုလီလိုက်ဇာရိုဒီဂတ်စ်နှင့် ရှစ်လအရွယ် နီကိုလပ်ရိုဒီဂတ်စ် ညီအစ်ကိုနှစ်ဦးလိုက်ပါလာသည့် ၎င်းတို့၏မိဘများမောင်းနှင်လာသောကားမှာ ရေစီးနှင့်မျောပါသွားသဖြင့် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုအေဂျင်စီကဆိုသည်။ ၎င်းတို့၏မိဘများကိုမူ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။
အခြားလေးဦးသည် နိုဗာလာရန်ဂျီးရတ်ကျေးလက်ဒေသရှိ ရေများပြည့်လျှမ်းနေသောမြစ်များတွင် ရေနစ်သေဆုံးခဲ့ကြောင်း ထိုအေဂျင်စီက သတင်းထောက်များကို ပြောကြားသည်။
ပါရာနာပြည်နယ်ရှိ အချို့သောမြို့ ၃၈ မြို့တွင် ရေဘေးသင့်ဒဏ်ခံကြရပြီး လူပေါင်း ၂၂၅၇ ဦးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။
ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိုင်ဂါဇူအမျိုးသားဉယျာဉ်သို့ လာရောက်လည်ပတ်မှုကို ယာယီရပ်ဆိုင်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို