၂၀ မေ
ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်ရှိ ဘားတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘယ်လန်းမြို့ ဂါမာရပ်ကွက်ရှိ ဘားဆိုင်သို့ ယမန်နေ့ မွန်းလွဲပိုင်း က သေနတ်သမား ခုနစ်ဦး ရောက်ရှိလာပြီး ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသေနတ်သမားများ ပစ်ခတ်မှုကြောင့် ဘားဆိုင်ပိုင်ရှင် အပါအဝင် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား ငါးဦး သေဆုံးခဲ့ကြောင်း စစ်ရဲတပ်ဖွဲ့၏ အဆိုအရသိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လူတစ်ဦး ဒဏ်ရာရ၍ ရဲတပ်ဖွဲ့အကာအကွယ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကို ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးဖွင့်လှစ်ထားသော်လည်း ပစ်ခတ်မှုနောက်ကွယ်က ရည်ရွယ်ချက်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို