၂၈ မေ
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု လျှင်မြန်စွာ တိုးပွားလာနေသော်လည်း ဇွန်လအတွင်းတွင် စီးပွားရေးလုပ်ငန်းများအားလုံးကို ပြန်လည်ဖွင့်လှစ်ရန် ဘရာဇီးနိုင်ငံ၊ ဆော်ပေါလိုပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့သည်။
ဆောပေါ်လိုပြည်နယ်သည် ဘရာဇီးနိုင်ငံအတွင်း လူဦးရေအများဆုံးနှင့် စီးပွားရေးအကြီးမားဆုံး ပြည်နယ်ဖြစ်သည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျိုအိုဒိုရီရာက ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စားသောက်ဆိုင်များကို စည်းကမ်းနှင့်အညီပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားသူပေါင်း ၃၉၀ဝ၀ဝ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
လွန်ခဲ့သည်ရက်အတွင်းက ဘရာဇီးနိုင်ငံတွင် နေ့စဉ်သေဆုံးသဦးရေမှာ ၁၀ဝ၀ ဝန်းကျင်ရှိခဲ့သည်။
အဆိုပါ အရေအတွက်မှာ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ကျော်လွန်ပြီး ဘရာဇီးနိုင်ငံသည် သေဆုံးသူ အများဆုံးဖြစ်လာခဲ့သည်။
ဆောပေါ်လိုပြည်နယ်သည် မတ်လအတွင်းက မရှိမဖြစ်လိုအပ်နေသည့် စီးပွားရေးလုပ်ငန်းများကိုသာ ဖွင့်ခွင့်ပြုပြီး လူအများကို အိမ်တွင် နေထိုင်စေခဲ့သည်။
ထိုသို့သောသတ်မှတ်ချက်များကြောင့် အလုပ်အကိုင်များစွာ ဆုံးရှုံးမှု ဖြစ်ပွားစေခဲ့သည်။
မကြာသေးမီအချိန်အတွင်းက ဆင်းရဲသားနှင့် လူလတ်တန်းစားများက စီးပွားရေးများ ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့သည်။
ဆောပေါ်လိုကဲ့သို့ လူဦးရေထူထပ်သည့် ပြည်နယ်တွင် ကန့်သတ်ချက်များကို အလေးထားသင့်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးများက ပြောကြားခဲ့သည်။
သို့သော်လည်း ဘရာဇီးသမ္မတ ဂျာဘိုလ်ဆိုနာရို စီးပွားရေးများကို ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးခဲ့သည်။
ဘရာဇီးနိုင်ငံ ဆောပေါ်လိုပြည်နယ်မှာ ရောဂါဖြစ်ပွားရာ အများဆုံးနေရာဖြစ်သည်။
တိုင်းပြည်၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်အပေါ် မတူညီသည့် တုံ့ပြန်မှုများလည်း ရှိနေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်