၁၃ ဩဂုတ်

 

 

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၁၇၅ ဦးရှိပြီး သေဆုံးသူ ၁၀၄၂၀၁ ဦးအထိ မြင့်တက်လာသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပြီးခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၅၁၅၅ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၁၆၄၇၈၅ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာန၏ နေ့စဉ် ကပ်ရောဂါ ကူးစက်မှု အစီရင်ခံစာအရ သိရသည်။

 

 

ရောဂါကူးစက် ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၂၃၀၉၄၇၇ ဦး ရှိသည်။

 

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် အမေရိကန် ပြည်ထောင်စုပြီးလျှင် ဒုတိယကူးစက်မှု အများဆုံး နိုင်ငံ ဖြစ်သည်။

 

 

ဆော်ပိုလိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျိုအို ဒိုရီယာ က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဆော်ပိုလိုပြည်နယ်သည် ကူးစက်မှု အများဆုံး ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၆၅၅၁၈၁ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၅၈၆၉ ဦး ရှိသည်။

 

 

ရီယိုဒီဂျနေးရိုးတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၁၄၂၉၅ ဦး နှင့် စီရာတွင် သေဆုံးသူ ၈၀၅၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို