၈ စက်တင်ဘာ
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၃၁၀ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၂၆၉၆၀ အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရောဂါကူးစက်ခံရသူဦးရေ ၁၀၂၇၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ဦးရေပေါင်း ၄၁၄၇၇၉၄ ဦး အထိ ရှိလာသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကူးစက်ခံရမှုကြောင့် ဒုတိယသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာသည်။
အိန္ဒိယပြီးလျှင် ရောဂါကူးစက်ခံရမှု တတိယမြောက် အများဆုံး ဖြစ်သည်။
လူဦးရေ ၄၆ သန်း နေထိုင်သည့် ရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်သော ဆော်ပိုလိုပြည်နယ်တွင် တစ်လအတွင်း သေဆုံးမှု ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ဒေသန္တရ အစိုးရက ပြောကြားသည်။
လွတ်လပ်ရေးနေ့ဖြစ်သော စက်တင်ဘာ ၇ ရက်နေ့တွင် အထူးသဖြင့် ကမ်းခြေများ၌ လူအများအပြား စုဝေးကာ ကူးစက်မှုများ မြင့်တက်လာနိုင်သဖြင့် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို