၁၀ စက်တင်ဘာ
ဘရာဇီးနိုင်ငံတွင် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် ယင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ နှစ်ဆတိုးလာကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၇၅ ဦး ရှိပြီး ကူးစက်ခံရသူ ၃၅၈၁၆ ဦး ရှိလာကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၄၂၇၉ ဦး ရှိပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၅၀၄ ဦး ရှိသည်။တနင်္လာနေ့သည် အစိုးရ ရုံးပိတ်ရက်ဖြစ်သဖြင့် ကူးစက်သူအရေအတွက် လျော့နည်းခြင်း ဖြစ်ဖွယ်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၈၅၃၉ ဦး အထိရှိလာပြီး ကူးစက်ခံရသူဦးရေ ၄၁၉၇၈၈၉ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် ဆော်ပိုလိုပြည်နယ်သည် ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၈၆၆၅၇၆ ရှိပြီး သေဆုံးသူ ၃၁၈၂၁ ဦး ရှိသည်။
ရီယိုဒီဂျနေးရိုးပြည်နယ်တွင် ကူးစက်ခံရသူ ၂၃၃၈၇၃ ဦး ရှိပြီး သေဆုံးသူ ၁၆၇၇၀ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို