ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ  ၄၆ ဦး ရှိ

၂၅ မတ်

 

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၆ ဦးရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၂၀၁ ဦးရှိကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိန်းဂဏန်းများအရ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဝမ်ဒါဆုန် အိုလီဗီရာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရောဂါကူးစက်မှု ၃၅၄ ခု၊ ၁၆ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်မှု ၁၂၇၈ ခု၊  ၅၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

 ယင်းသေဆုံးသူ ၄၆ ဦးအနက် ၄၀ ဦးမှာ လူဦးရေ အများဆုံးဖြစ်သည့် ဆောပိုလိုပြည်နယ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးမှာ ရီယိုဒီ ဂျီးနေးရိုးမြို့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

ဘရာဇီးနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် စမ်းသမ်မှုစွမ်းရည် တိုးတက်စေရန် လုပ်ဆောင်နေကြောင်း အိုလီဗီရာက ပြောကြားခဲ့သည်။ ၁၄ သန်းကျော်တန်ဖိုးရှိ စမ်းသပ်ပစ္စည်းကိရိယာများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

mdn