၃ ဇွန်
ဘရာဇီးနိုင်ငံသည် ယမန်နေ့က ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။
တိုင်းပြည်၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ပြန်လည်ဖြေလျော့ရန် စတင်နေချိန်အတွင်း အဆိုပါ အစီရင်ခံစာ ပေါ်ထွက်လာခြင်းဖြစ်သည်။
ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်ခံသူ အတည်ပြု လူနာအသစ်၂၈၉၃၆ ဉီးရှိပြီး သေဆုံးသူအသစ် ၁၂၆၂ဉီး ရှိအထိ ရှိလာခဲ့ကာ ကူးစက်လူနာနှင့် သေဆုံးသ အရေအတွက်က အမေရိကန်ပြည်ထောင်စုကို ကျော်တက်သွားခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၅၅၅၃၈၃ ဉီးရှိပြီး စုစုပေါင်း သေဆုံးသူ ဉီးရေမှာ ၃၁၁၉၉ ဉီး ရှိပြီဖြစ်သည်။
ဆင်းရဲသား နေထိုင်သည့် ကျူးကျော်ရပ်ကွက်များအတွင်း ရောဂါဖြစ်ပွားမှုမှာ အများဆုံးဖြစ်သည်။
ဆောပေါ်လိုမြို့သည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ရောဂါဖြစ်ပွားမှု အများဆုံးမြို့လည်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းအချို့ကို ဇွန်လအတွင်း စတင်ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ဆေးရုံများကိုလည်း လုံလောက်စွာ ပြင်ဆင်ထားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကြီးမားသည့် ဈေးဝယ်စင်တာများကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ပေးခဲ့သည်။
သို့သော်လည်း ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကမူ ဘရာဇီးနိုင်ငံ ရောဂါကူးစက်မှုနှုန်းသည် အမြင့်ဆုံး အဆင့်သို့ မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။
ဒေသအချို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့သည်။
စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို ဆန်ကျင်သူများနှင့် သမ္မတ ဂျာရစ်ဘာဆိုနာရိုကို ထောက်ခံသူများအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ဘာဆိုနာရိုက စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေး ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်