ဘရာဆီးလီးယား အောက်တိုဘာ ၁၃
ဘရာဇီးနိုင်ငံ၌ ယခုနှစ် ပထမ ကိုးလအတွင်း ဟက်တာ ၂၂ ဒသမ ၃၈ သန်း ပျက်စီးခဲ့ပြီး ဘရာဇီး၏ သစ်တောဧရိယာ အများအပြား မီးဘေးသင့်ခဲ့ရကြောင်း ဇီဝပစ္စည်း မြေပုံစောင့်ကြည့်ရေး ကွန်ရက်မှ အောက်တိုဘာ ၁၁ ရက်က ထုတ် ပြန်သည့် နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
စက်တင်ဘာလ တစ်လတည်းတွင်ပင် သစ်တောဟက်တာ ၁၀ ဒသမ ၆၅ သန်း မီးလောင်ဆုံးရှုံး ခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။ ဘရာဇီးနိုင်ငံရှိ ပြည်နယ်များအနက် မြောက်ပိုင်းဒေသရှိ မက်တိုဂရော့ဆို၊ ပါရာနှင့် တိုကန်တင်စ်တို့တွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။ အမေဇုန်ဒေသသည် မီးဘေးဒဏ် အခံရဆုံးနေရာဖြစ်ပြီး ဟက်တာ ၁၁ ဒသမ ၃ သန်း မီးလောင်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆင်ဟွာ