မေ ၂
ဘရာဇီးနိုင်ငံမြောက်ပိုင်း ရိုရိုင်မာပြည်နယ်တွင် ရဲတပ်ဖွဲ့နှင့်ပဋိပက္ခဖြစ်ပွားရာမှ တရားမဝင်ရွှေတွင်းလုပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်းနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုပြောကြားသည်။
အဆိုပါပဋိပက္ခသည် ဖက်ဒရယ်အမြန်လမ်းရဲတပ်ဖွဲ့နှင့် ဘရာဇီးသဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များမှ စစ်ဆေးရေးအရာရှိများက ဧပြီ ၃၀ ရက်ညပိုင်းက ထိုဒေသတွင်ကင်းလှည့်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများက ထိုပဋိပက္ခဖြစ်ပွားသည့် တရားမဝင်ရွှေတွင်းနေရာ၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထိုတရားမဝင်ရွှေတွင်းများကြောင့် ယာနိုမာမီဒေသကို ဘရာဇီးသမ္မတက အရေးပေါ်အခြေအနေကြေညာခဲ့ချိန်မှစတင်ကာ ဒေသခံအုပ်စုများ၏ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာသည်။
ရွှေတွင်းလုပ်သား ၂၀၀၀၀ နီးပါးသည် ၎င်းဒေသရှိရွှေတွင်းလုပ်ငန်းတားမြစ်ချက်ကိုလျစ်လျူရှပြီး ပြဒါးဖြင့် မြစ်ရေများကိုညစ်ညမ်းစေကာ ဒေသခံများကိုပါ သတ်ဖြတ်ခဲ့ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို