၁၂ ဇူလိုင်

 

ဘရားဇီးနိုင်ငံသမ္မတ Jair Bolsonaro က ၎င်း၏သားဖြစ်သူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် Eduardo Bolsonaro ကို အမေရိကန်နိုင်ငံဆိုက်ရာ ဘရာဇီးသံအမတ်အဖြစ်ခန့်အပ်ရန် စဉ်းစားနေကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

ထိုနေရာကိုခန့်အပ်ရန်အရည်အချည်းပြည့်မီပြီး အမေရိကန်အစိုးရ နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟု ၎င်းအနေဖြင့်ယူဆကြောင်း သမ္မတ Jair Bolsonaro က ပြောကြားခဲ့သည်။

 

ဘရာဇီးထောက်လှမ်းရေး အေဂျင်စီ၏ ညွှန်ကြားရေးမှူးအသစ် ခန့်အပ်ပွဲအခမ်းအနားတွင် Jair Bolsonaro ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထိုသံအမတ်တာဝန်ထမ်းဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ဖို့ အသင့်ဖြစ်ပါကြောင်း Eduardo Bolsonaro က ပြောကြားခဲ့သည်။

 

Eduardo Bolsonaro က ၎င်းအနေဖြင့် အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော်လည်း သံတမန်ရေးရာတာဝန်များကို ယခင်က ထမ်းဆောင်ခဲ့ဖူးခြင်းမရှိကြောင်း သိရသည်။

 

ယခင်ဘရာဇီးသံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးခဲ့သဖြင့် ဝါရှင်တန်မြို့ရှိ ဘရာဇီးသံရုံးတွင် ဧပြီလကတည်းက သံအမတ်နေရာ လစ်လပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - မြင့်မြင့်ချို