၁၉ ဒီဇင်ဘာ
ဘရာဇီးသမ္မတ ဂျယဲဘော်ဆွန်နာရိုက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် စတင်ချိန်မှာ တိုက်ခိုက်တဲ့အနေနဲ့ Pfizer-BioNTech ထုတ်ဆေးတွေက လူတွေကို မိချောင်းတွေအဖြစ် ပြောင်းလဲနိုင်သလို အမျိုးသမီးတွေမှာလည်း မုတ်ဆိတ်မွှေးတွေ ထွက်လာနိုင်ကြောင်း တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။
သမ္မတ ဘော်ဆွန်နာရိုက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို တုတ်ကွေးသာသာပဲ ရှိတယ်လို့ မှားယွင်းစွာ ပြောဆိုခဲ့ သလို နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေးအစီစဉ်မှာလည်း သူပါဝင် အထိုးခံမှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။
Pfizer နဲ့ သဘောတူညီချက်မှာ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို တာဝန်ယူမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပါရှိတဲ့အတွက် ဆေးကြောင့် မိချောင်းတစ်ကောင်အဖြစ် ပြောင်းသွားခဲ့မယ်ဆိုရင်တောင် ကိုယ်ကိစ္စဖြစ်သွားမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။
Pfizer မှ ထုတ်လုပ်သော ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးဟာ အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတချို့မှာ လူထုအား ကာကွယ်ဆေးထိုးနှံပေးနေပြီး ဘရာဇီးနိုင်ငံမှာလည်း အဲဒီဆေးကို စမ်းသပ်ခဲ့တာကို တွေ့ရပါတယ်။
ဘရာဇီးဗဟိုတရားရုံးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ လူတိုင်းထိုးရမယ့် ကာကွယ်ဆေးဖြစ်ပေမယ့် အင်အားသုံးပြီး ထိုးခိုင်းမှာ မဟုတ်ကြောင်း ကြာသပတေးနေ့က အမိန့်ထုတ်ပြန်ထားပါတယ်။
သမ္မတ ကာကွယ်ဆေးကို အသုံးပြုခွင့်ကို နိုင်ငံရဲ့ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Anvisa က ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် နိုင်ငံသားအားလုံးအတွက် ကာကွယ်ဆေး ရရှိစေမယ်။ ဒါပေမယ့် သူ့အတွက်တော့ မလိုကြောင်း၊ သူက ကာကွယ်အထိုးခံမှာ မဟုတ်ကြောင်း ပြောပါတယ်။
လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၇.၁ သန်းကျော်ရှိပြီး သေဆုံးသူဟာ ၁၈၅,၀၀၀ ကျော်ရှိကြောင်းသိရပါတယ်။
MDN
ကိုးကား - AFP