၂၂ အောက်တိုဘာ
ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက သူ့အစိုးရအနေနဲ့ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို ဝယ်ယူမှာမဟုတ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးရဲ့ တရုတ်နိုင်ငံထုတ်ဆေးဝယ်ယူမယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ သမ္မတရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတက ဘရာဇီးနိုင်ငံသားတွေဟာ စမ်းသပ်ခံတွေမဟုတ်ကြောင်း၊ ဒါကြောင့် အဲဒီကာကွယ်ဆေးကို ဝယ်ယူမှာ မဟုတ်ကြောင်း သူ့ရဲ့ Facebookမှာ ရေးသားထားပါတယ်။
သမ္မတထောက်ခံသူတွေက သမ္မတကို ဖိအားပေးတဲ့အတွက် သမ္မတက CoronaVac ဆေးကို ဝယ်ယူမှာ မဟုတ်ကြောင်း သတင်းရှင်းလင်းပွဲမှာပါ ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးက တရုတ်နိုင်ငံထုတ် CoronaVac ဆေး အလုံးပေါင်း ၄၆ သန်း ဝယ်ယူမှာဖြစ်ကြောင်းနဲ့ အဲဒီဆေးတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်မှာ သုံးစွဲသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သမ္မတက ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်မယ့် ကာကွယ်ဆေးကိုသာ ဝယ်ယူမှာဖြစ်ကြောင်း၊ တခြားနိုင်ငံတွေက ထုတ်တဲ့ဆေးကို ဝယ်ယူမှာမဟုတ်ကြောင်း ပြောဆိုပါတယ်။
ဘရာဇီးနိုင်ငံဟာ တရုတ်နိုင်ငံရော ဗြိတိန်နိုင်ငံကိုပါ ကာကွယ်ဆေးထုတ်မယ့်အစီအစဉ်ကို ကူညီနေတဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်ရော ဗြိတိန်နိုင်ငံတွေဟာ ကာကွယ်ဆေးထုတ်ရန် နောက်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်သူ ၂၅,၈၃၂ ဦးရှိရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၅,၃၀၀,၆၄၉ ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၅၇၁ ဦးရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၁၅၅,၄၅၉ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP