၅ ဇွန်

 

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံသေဆုံးသူ ၁၄၃၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၄၀၂၁ အထိ မြင့်တက်လာသည်။

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် တတိယမြောက် ကိုဗစ်-၁၉ ရောဂါကူးစက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ဒေသန္တရမီဒီယာ ဖော်ပြချက်အရ သိရသည်။

 

လက်တင်အမေရိကနိုင်ငံတွင် ယမန်နေ့ကအထိ  ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၀၉၂၅ ဦး ရှိပြီး ရောဂါ ကူးစက်ခံရသူပေါင်း ၆၁၄၉၄၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားသည်။

 

ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက် ၃၃၆၈၉ ဦး ရှိသည့် အီတလီနိုင်ငံထက် ကျော်လွန်သွားပြီ ဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးမှုများသော အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ပြီးလျှင် ဘရာဇီးသည် တတိယမြောက် သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို