ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၀ဝ၀ဝ ကျော်အထိ မြင့်တက်

၂၂ ဇွန်

 

 

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၄၁ ဦး ရှိရာ သေဆုံးသူပေါင်း ၅၀၆၁၇ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

 

 

တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရမှု ၁၇၄၅၉ ရှိပြီး ကူးစက်ခံရသူပေါင်း ၁၀၈၅၀၃၈ အထိ မြင့်တက်လာသည်။

 

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် သေဆုံးမှုမှာ ကမ္ဘာနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။

 

 

ဘရာဇီးနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးဖြစ်သည့် အရှေ့တောင်ပိုင်း ပြည်နယ်ဖြစ်သော ဆောပိုလိုတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၂၁၉၁၈၅ ရှိပြီး ရောဂါကူးစက်မှုကြောင့် သေဆုံးသူ  ၁၂၅၈၈ ဦး ရှိသည်။

 

 

ရီယို ဒီဂျနေရိုတွင် ရောဂါကူးစက်ခံရမှု ၉၆၁၃၃ ရှိပြီး  သေဆုံးမှု ၈၈၇၅ ရှိသည်။ စီရာရာပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၉၂၈၅၅ ရှိပြီး သေဆုံးမှု ၅၅၂၃ ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

222