၁၃ ဇူလိုင်
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၆၃၁ ဦး ရှိပြီး သေဆုံးသူ ၇၂၀၀၀ ရှိလာသည်ဟု ယမန်နေ့က ဖော်ပြခဲ့သည်။
တစ်ရက်အတွင်း ထပ်မံကူးစက်ခံရသူ ၂၄၈၃၁ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၁၈၆၄၆၈၁ ဦး အထိ မြင့်တက်လာကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။
ပြီးခဲ့သည့် လေးလအတွင်း ရောဂါကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၁၂၃၂၀၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။
လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် ဆောပိုလိုသည် ကူးစက်မှု အများဆုံး ဖြစ်ပွားရာ ဒေသဖြစ်ပြီး ကူးစက်ခံရသူ ၃၇၁၉၉၇ ဦးနှင့် သေဆုံးသူ ၁၇၈၄၈ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို