၁၉ ဇွန်

 

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သုံးရက်ဆက်တိုက် သေဆုံးသူ ဦးရေ ၁၀ဝ၀ကျော် ရှိသည်ကိုတွေ့ရှိရကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁၂၃၈ ဦး ရှိပြီး အတည်ပြု ကူးစက်မှု ၂၂၇၆၅ ရှိသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၇၈၁၄၂ ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၄၇၇၄၈ ဦးရှိသည်။

 

 

ထိုရောဂါကူးစက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

 

လူဦးရေထူထပ်သော ဆောပိုလိုပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်း အများဆုံးဖြစ်သည်။ကူးစက်ခံရသူ ၁၉၂၆၂၈ ဦး ရှိပြီး သေဆုံးသူ ၁၁၈၄၆ ဦး ရှိသည်။ ရီယိုဒီဂျနေရိုပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၈၇၃၁၇ ဦး ရှိပြီး  ၈၄၁၂ ဦး သေဆုံးခဲ့သည်။

 

 

ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူပေါင်း ၄၈၂၁၀၂ ရှိသည်ဟု ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို