၁၅ မေ

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၀၀၀၀၀ ကျော်ရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ကူးစက်ရောဂါဆိုင်ရာ နောက်ဆုံးရရှိသော အချက်အလက်အရ နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၂၀၂၉၁၈ ဦး ရှိပြီး သေဆုံးသူ ၁၃၉၉၃ ဦး ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၃၉၄၄ ဦး ရှိပြီး ထပ်မံသေဆုံးသူ ၈၄၄ ဦး ရှိရာ အမြင့်ဆုံးဖြစ်ကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို