၂၆ ဇန်နဝါရီ
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၆၂၇ ဦး ရှိပြီး သေဆုံးသူ ၂၁၇၆၆၄ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၈၁၆ ဦး ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူဦးရေ ၈၈၇၁၃၉၃ ဦး အထိ ရှိလာသည်။
နိုင်ငံအတွင်းရှိ လူဦးရေ အထူထပ်ဆုံးဖြစ်သော ဆောပိုလိုပြည်နယ်တွင် ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားပြီး ကူးစက်ခံရသူ ၁၇၀၂၂၉၄ ဦးနှင့် သေဆုံးသူ ၅၁၅၅၆ ဦး ရှိသည်။ ရီယိုဒီဂျနေရိုးပြည်နယ်တွင် ကူးစက်ခံရသူ ၅၀၁၄၃၆ ဦးနှင့် သေဆုံးသူ ၂၈၈၅၆ ဦး ရှိသည်။
ဒီဇင်ဘာမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားမှု မြင့်တက်လာသော ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို