၁၁ ဒီဇင်ဘာ

 

 

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၇၇၀ ရှိသဖြင့် နိုင်ငံတစ်ဝန်း သေဆုံးသူပေါင်း ၁၇၉၇၆၅ ဦးရှိလာသည်ဟု ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက  ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၅၃၃၄၇ဦး ရှိကြောင်း အတည်ပြုထားပြီး နိုင်ငံတစ်ဝန်း ကူးစက်ခံရသူစုစုပေါင်း ၆၇၈၁၇၉၉ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

 

ဘရာဇီးနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဗဟိုချက်ဖြစ်သော အရှေ့တောင်ပိုင်း ဆော်ပေါ်လိုပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၁၃၁၆၃၇၁ ဦးရှိပြီး ထိုကူးစက်ခံရမှုကြောင့် သေဆုံးသူ  ၄၃၆၆၁ ဦး ရှိသည်။

 

 

ကမ္ဘာတစ်ဝန်းတွင်  ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်သည်။

 

 

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံပြီးလျှင် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တတိယအများဆုံးနိုင်ငံဖြစ်သည်။

 

 

ဘရာဇီးကျန်းမာရေး ထိန်းချုပ်ညွှန်ကြားရာဗဟိုဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ယာယီခွင့်ပြုထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို