၂၈ ဇူလိုင်
ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၁၄ ဦး ထပ်မံတွေ့ရှိရပြီး ၈၇၆၁၈ ဦး အထိ မြင့်တက်လာသည်ဟု ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၃၂၈၄ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၂၄၄၂၃၇၅ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆောပိုလိုပြည်နယ်သည် ဘရာဇီးနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကူးစက်မှု အများဆုံးဖြစ်ကာ ကူးစက်ခံရသူ ၄၈၇၆၅၄ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁၆၇၆ ဦး ရှိသည်။
ရီယိုဒီဂျနေရိုပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၅၇၈၃၄ ဦး ရှိပြီး သေဆုံးသူ ၁၂၈၇၆ ဦး ရှိသည်။
ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်မှု အများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကူးစက်မှုနှင့် သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို