၁၃ ဇန်နဝါရီ
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၁၁၀ ရှိပြီး သေဆုံးသူ စုစုပေါင်း ၂၀၄၆၉၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၆၄၀၂၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၈၁၉၅၆၃၇ အထိရှိလာကြောင်း ထပ်လောင်းဖော်ပြထားသည်။
နိုင်ငံအတွင်း လူနေထူထပ်မှု အများဆုံးနှင့် ရောဂါကူးစက်မှု အများဆုံး ဒေသဖြစ်သော ဆောပိုလိုပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၁၅၆၁၈၄၄ ဦး ရှိပြီး သေဆုံးသူ ၄၈၆၆၂ ဦး ရှိသည်။
ဒုတိယ အများဆုံး ပြည်နယ်ဖြစ်သော ရီယိုဒီဂျနေးရိုတွင် ရောဂါကူးစက်ခံရသူ ဦးရေ ၄၆၅၁၅၀ ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၆၉၇၆ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို