၄ ဇွန်
ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၈၆၃၃ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၅၈၄၀၁၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ နှောင်းပိုင်းက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁၃၄၉ ဦးရှိပြီး နိုင်ငံအတွင်း သေဆုံးသူပေါင်း ၃၂၅၄၈ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
လူဦးရေ သန်း ၂၁၀ ကျော်ရှိသော ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတွင် ကိုဗစ်-၁၉ ကူးစက်မှု လက်ရှိ အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ ဒသမ ၈ သန်းကျော် ရှိသည်ဟု အတည်ပြုထားသော အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။
ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ဒုတိယ အမြင့်ဆုံးနိုင်ငံဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
