၁၈ ဇန်နဝါရီ

 

 

 ဘရာဇီးနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac Biotech ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့သည်။

 

 

ဆောပိုလိုမြို့ရှိ ကျန်းမာရေး ဝန်ထမ်းများကို ယမန်နေ့က ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။

 

 

ထိုနေ့ အစောပိုင်းက ဘရာဇီး အာဏာပိုင်းများသည် Sinovac ကာကွယ်ဆေးနှင့် အခြားသော ဗြိတိန် AstraZeneca ဆေးဝါးကုမ္ပဏီထုတ် ကာကွယ်ဆေးတို့ကို အရေးပေါ်အသုံးပြုခွင့် အတည်ပြုပေးခဲ့သည်။

 

 

ဘရာဇီး တာဝန်ရှိသူများက Sinovac ကာကွယ်ဆေး ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်နှင့် ဉရောပ ဆေးဝါးကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ကျစရိတ်ထက် လျော့နည်းသည်ဟု ဆိုသည်။

 

 

ထိုကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှု ရှိကြောင်းကိုလည်း ၎င်းတို့က ထပ်လောင်းပြောကြားသည်။

 

 

ကာကွယ်ဆေး အစီအစဉ်ကို ထပ်မံရရှိရန် လိုလားသော်လည်း လူဦးရေ သန်း ၂၀၀ ကျော်အတွက် ကာကွယ်ဆေးလုံလောက်စွာ မရရှိခဲ့ပေ။

 

 

ဘရာဇီးတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၈ ဒသမ ၄ သန်းခန့်ရှိသည်။ ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို