၃၀ ဇန်နဝါရီ
ဗြိတိန် လွှတ်တော်မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး ဘရစ်ဇစ် (Brexit) သဘောတူညီချက် ပြင်ဆင်ရန်အဆိုကို အနိုင်ရရှိတဲ့အတွက် ဝန်ကြီးချုပ် ထရီဇာမေ ဟာ ဥရောပသမဂ္ဂ (EU)နဲ့ ဆွေးနွေးပွဲအသစ်လုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ဥရောပသမဂ္ဂဘက်က ထပ်မံဆွေးနွေးဖို့အတွက် စိတ်ဝင်စားပုံမရတာကိုတွေ့ရပါတယ်။ EU ခေါင်းဆောင် ဒေါ်နယ် တက်ခ် က ဥရောပသမဂ္ဂကနေ ထွက်ခွာမယ်ဆိုတာ ရပ်ဆိုင်းဖို့ က ဘရစ်ဇစ် (Brexit) သဘောတူညီချက်ရဲ့ တစ်စိတ်အပိုင်းဖြစ်တယ်။ ထပ်မံညှိနှိုင်းဖို့ မဖြစ်နိုင်ဖူးလို့ ပြောသလို ပြင်သစ်သမ္မတ မာကွန် ကလည်း အခုသဘောတူညီချက်ဟာ အကောင်းဆုံး သဘောတူညီချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ဥရောပသမဂ္ဂရဲ့ ခေါင်းဆောင် ၂၇ ဦးနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ဗြိတိန်နိုင်ငံဟာဥရောပသမဂ္ဂကနေ မတ်လ ၂၉ ရက်နေ့မှာ ထွက်ခွာရမှာဖြစ်ပါတယ်။
MDN
ကိုးကား - AFP
