၁၂ မတ်
ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို လွှတ်တော်အမတ်တွေက ဒီကနေ့ (အင်္ဂါနေ့)မှာ မဲပေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေ ပါရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် မေ ဟာ မနေ့ညနေပိုင်းအထိ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေရဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဆွေးနွေးပွဲအပြီးမှာ အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ခဲ့ပါတယ်။
မေက ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို ပါလီမန်အမတ်တွေ အားလုံးက ထောက်ခံကြရန်နဲ့ အဲဒီသဘောတူညီချက်ကို ဗြိတိန်လူထုကိုချပြရန် မဲခွဲဆုံးဖြတ်မယ့် မနက်ပိုင်းမှာ တိုက်တွန်းနေပါတယ်။

ဒါပေမယ့် အတိုက်ခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ကတော့ ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ပါလီမန်အစည်းဝေးမှာ ပြောသွားတဲ့ အပြောင်းအလဲတွေကို မပါရှိတဲ့အတွက် လေဘာပါတီက ပယ်ချမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ် (Brexit) သဘောတူညီချက်ကို ဒီကနေ့ (အင်္ဂါနေ့) ညနေ ဒေသစံတော်ချိန် ၇ နာရီ မှာ မဲခွဲဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂကော်မရှင် ဥက္ကဌ ဂျင်းကလော်ဒီ ဂျန့်ကာ ကတော့ အခုသဘောတူညီက ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမဟုတ် ဘရစ်ဇစ် (Brexit) မဖြစ်နိုင်တော့ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။
ဗြိတန်နိုင်ငံဟာ ဥရောပသမဂ္ဂအတွင်း ဝင်ရောက်ခဲ့တာ ၄၆ နှစ် ရှိခဲ့ရာ အဲဒီအဖွဲ့ကနေ ပြန်ထွက်ဖို့ ၁၇ ရက်သာ ကျန်တော့တယ်လို့ ပြောနိုင်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP