ဘရစ်ဇစ် နဲ့ပတ်သတ်ပြီး ဗြိတိန်နိုင်ငံသား ၁၀ ဦး မှာ ၄ ဦးက စိတ်ပူခြင်း၊ စိတ်ဆိုးခြင်း ဖြစ်နေကြောင်း လေ့လာတွေ့ရှိ 

၂၂ မတ်

 

ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ဗြိတိန်နိုင်ငံသား ၁၀ ယောက် မှာ ၄ ယောက် က ဘရစ်ဇစ် (Brexit) နဲ့ပတ်သက်ပြီး  စိတ်ပူခြင်း၊ စိတ်ဆိုးခြင်း ခံစားခဲ့ရကြောင်း   လေ့လာတွေ့ရှိချက်ကို ဒီကနေ့ (သောကြာနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။ 

 

အဲဒီလေ့လာမှုကို လူမှုရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စိတ်ကျန်းမာရေးအဖွဲ့ (MHF) က ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ (EU) ကနေ ခွဲထွက်နဲ့ ပတ်သက်ပြီး လူတွေရဲ့ ခံစားချက်၊ အိပ်ရေးဝဝ အိပ်နိုင်ခြင်းနဲ့ လူမှုဆက်ရေးအပေါ် ရိုက်ခတ်လာတဲ့ ဂယက်တွေကို အဓိကထား လေ့လာခဲ့ပါတယ်။ 

 

အွန်လိုင်းကနေ မဲပေးခြင်း (poll) ကနေ တွေ့ရှိချက်မှာ ၄၃ ရာခိုင်နှုန်းဟာ ဘရစ်ဇစ်ကြောင့် ဘာလုပ်ရမှန်းမသိသလိုဖြစ်ခြင်း၊ ၃၉ ရာခိုင်နှုန်းက စိတ်ဆိုးခြင်း နှင့် ၃၈ ရာခိုင်နှုန်းကတော့ စိတ်ပူခြင်းတွေဖြစ်ကြောင်း တို့ကို လေ့လာတွေ့ရှိရပါတယ်။ 

 

၂၆ ရာခိုင်နှုန်းသောသူတွေကတော့ ပြီးခဲ့ တစ်နှစ်လုံး ဘရစ်ဇစ်နဲ့ပတ်သတ်ပြီး ဘာမှ ခံစားချက်မရှိဘူးလို့ ဆိုပေမယ့် ၁၇ ရာခိုင်နှုန်း စိုးရိမ်မှုဖြစ်ကြောင်း၊ ၁၂ ရာခိုင်နှုန်းကတော့ အိပ်ရေးပျက်သလို ခံစားရခြင်း၊ ၉ ရာခိုင်နှုန်းကတော့ မျှော်လင့်ချက်ရှိခြင်း၊ ၃ ရာခိုင်နှုန်း (ပျော်ရွှင်ခြင်း)၊ ၂ ရာခိုင်နှုန်း (ယုံကြည်မှုရှိခြင်း) တို့ဟာ ဘရစ်ဇစ်နှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံသားတွေရဲ့ ခံစားချက်တွေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်မှာ အသေးစိတ် ထုတ်ပြန်ရေးသားထားပါတယ်။ 

 

၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်သင့် မထွက်သင့်ကို လူထုဆန္ဒခံယူပွဲကျင်းပရာ ၅၂ ရာခိုင်နှုန်းက ထွက်ခွာရေးကို ထောက်ခံပြီး၊ ၄၈ ရာခိုင်နှုန်းကတော့ EU အတွင်းမှာ ဆက်လက်နေထိုင်ရေးကို မဲပေးခဲ့ပါတယ်။ 

 

စိတ်ကျန်းမာရေး အဖွဲ့ (MHF) ဟာ ၁၉၄၉ ခုနှစ်က တည်ထောင်ခဲ့သော လူမှုရေးဖွဲ့ ဖြစ်ပြီး ၊ စိတ်ကျန်းမာရေး စောင့်ရှောက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ 

 

MDN
ကိုးကား -AFP