၇ သြဂုတ်
ဗြိတိန်နိုင်ငံ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံက ထွက်ခွာမှာဖြစ်တဲ့အတွက် အဲဒီနောက်ပိုင်းမှာ ဗြိတိန်ရဲ့ ကုန်သွယ်ဖက်ဖြစ်လာမယ့် အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် အရှိန်အဟုန်တိုးမြှင့် နေပါတယ်။
ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒိုးမနစ် ရက် ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ တွေ့ဆုံဖို့ အမေရိကန်နိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါတယ်။ အလားတူ ဗြိတိန်နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီးကလည်း အမေရိကန်ကုန်သွယ်ရေးရဲ့ အကြီးအကဲနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
အမေရိကန်နိုင်ငံဟာ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာဖြစ်ပြီး အဲဒီအတွက် ညှိနိုင်းဆွေးနွေးရေးနဲ့ သဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရက်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရှိပြီး နှစ်နိုင်ငံခြားမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဖလှယ်ရာတွင် အမေရိကန်ဒေါ်လာ ၂၆၂ ဘီလီယံ ရှိကြောင်းသိရပါတယ်။ အမေရိကန်ရဲ့ တင်ပို့ကုန်တွေမှာ ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှုနဲ့ လေယာဉ်များဖြစ်ပြီး ဗြိတိန်နိုင်ငံကတော့ မော်တော်ယာဉ်များနဲ့ ခရီးသွားလုပ်ငန်းတို့ဖြစ်တယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP